တည်ငြိမ်နေတဲ့
မီးဘ၀ထဲကို ရင်ခုန်သံတွေ
ကဗြောင်း ကဗြန်ဖြစ်အောင်
စူးရှတဲ့ အကြည့်တွေနဲ့ ၀င်ရောက်ခဲ့တယ်...
စိတ်ကူးမယဉ်တတ်တဲ့ မီးကို
ပုံပြင်တွေ အထပ်ထပ်ပြောပြီး
အိမ်မက်တွေနဲ့ ရူးသွပ်စေခဲ့တယ်...
ရက်စက်တဲ့စကားလှလှတွေ
ခါးသီးတဲ့အကြည့်စိမ်းစိမ်းတွေနဲ့
နူးညံ့တဲ့ မီးရဲ့နှလုံးသားကို
တစ်စစီချေမွခဲ့တယ်...
အခုတော့လည်း...
အဖြစ်အပျက်အားလုံး ပြီးဆုံးသွားလို့
လောကကြီးတစ်ခုလုံး
ငြိမ်သက်သွားခဲ့ပေမယ့်
ကိုကြီးနဲ့ပတ်သတ်ခဲ့မိတဲ့
မီးရဲ့နှလုံးသားတစ်စုံသာ
မျက်ရည်တွေကြားမှာ
ရှင်သန်နေရဆဲပေါ့..ကိုကြီးရယ်..
ရက်စက်သွားမယ်ဆိုရင်လည်း...
အတိုင်းအတာတစ်ခုထိတော့
ပျော်ရွှင်မှုပေးခဲ့သင့်ပါတယ်...@m1 ( မြန်အောင် )
♥♥♥ မီးဘ၀ တစ်သက်လုံး
ကိုကြီးနဲ့ ပတ်သတ်မိမှ
အချစ်ဟာဘာလဲဆိုတာ
သိခဲ့ရသူပါ........
ကိုကြီး နဲ့ သိကျွမ်းခဲ့ပြီးမှ
သံယောဇဉ်ဟာ ဘာလဲဆိုတာ
သိခဲ့ရသူပါ....
အခုတော့ ကိုကြီး နဲ့
့ခဏတာခွဲခွာဖူးမှပဲ
အလွမ်းဟာ ဘာလဲဆိုတာ
သိပြီးရင်း သိခဲ့ရသူပါ.....
ဘယ်သူမှ မသိအောင်
တိတ်တိတ် ကလေး
လွမ်းဆွေးနေခွင့်လေးကလည်း
ဲခံစားချက်တစ်မျိုးပဲပေါ့နော် ကိုကြီးရယ်...
♥♥♥ဘယ်တော့မှ မီးတို့နှစ်ဦး
ပြန်လည် ဆုံဆည်းခွင့်
မရှိတော့ရင်လည်း
ကိုကြီးကိုတစ်သက်လုံး
သတိရလွမ်းဆွတ်ခွင့်တော
မီးအတွက် ချန်လှပ်ထားခဲ့ပေးလှည့်ပါ ကိုကြီးရယ်...
@m1 ( မြန်အောင် )
♥♥♥ပြီးးဆုံးသွားခဲ့ပါပြီ...
တစ်ကယ်ပါ မင်းကိုချစ်ခဲ့တာ
အတ္တမပါ အဖြူရောင်သက်သက်
သန့်ရှင်းတဲ့ချစ်ခြင်းတွေနဲ့
ရင်ခုန်သံတွေမြန်ခဲ့ရတာ..
အခုတော့......
ငါ့ရဲ့ချစ်ခြင်းတွေလည်း
မင်းရဲ့ဥပက္ခာဆန်တဲ့
ရှောင်ဖယ်မှုတွေအောက်မှာ
တိုးတိုးတိတ်တိတ် အရည်ပျော်သွားခဲ့ပြီ
ဒါပေမယ့်....
ငါ့ရဲ့နောက်ဆုံးအချိန်ထိ
ရင်ခုန်သံတွေရပ်တန့်သွားလည်း
မင်းတစ်ယောက်ကိုပဲ
ရူးရူးမိုက်မိုက်ချစ်သွားပါရစေ....
အခွင့်တော့ရှိမှာပါနော်... ချစ်သူ...♥♥♥ @m1 ( မြန်အောင် )
Monday, 1 September 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment